၂၁ရာစု မြန်မာနိုင်ငံသားများအတွက် ဖြစ်နိုင်ခြေအများဆုံးစီးပွားရေး

Home » About

About

မြန်မာနိုင်ငံသားများအတွက် အထူးအခွင့်အရေး

မြန်မာနိုင်ငံသား ဇူလီယန်မိသားစုဝင်များတွက် အကျိုးရှိစေမည့် ၊ အမှတ်စစ်နည်း၊ ဘောနပ်စစ်နည်း ၊ နည်းလမ်း၊ ရပိုင်ခွင့် စတာတွေကို လေ့လာပြီးတော့ ဘဝအတွက် အလုပ်လုပ်တဲ့နေရမှာ လွယ်ကူစေရန် ဆိုတဲ့စေတနာနဲ့လုပ်ထားပေးခြင်းဖြစ်ပါသည်။ ဒီဆိုဒ်နှင့်ပတ်သက်၍ ထင်မြင်ချက်များပေးလို့ပါက မြန်မာဖုန်း ဝ၉၄၂၅၂၇၁၀၉၉ ထိုင်းဖုန်း ဝ၈၅၄၀၀၇၇၈၂ သို့မဟုတ် အီးမေးလ် kmo.zhulian@gmail.com သို့ ဆက်သွယ်၊ စုံစမ်း၊ မေးမြန်၊ အကြံဥာဏ်များပေးနိုင်ပါသည်။

တစ်နေ့မှာ ကျနော်က ထက်အရာရှိတွေနဲ့စကားပြောရင်း ကျနော် ဒီအင်တာနက်စာမျက်နှာကို မန်ဘာဝင်တွေအတွက်အကျိုးရှိအောင်ပြုလုပ်ပေးထားပါတယ်လို့ပြောတော့ အရာရှိက သိပ့်ကောင်းတဲ့ စေနာပါပဲလို့ပြောပါတယ်။ ကျနော်လည်း အားရှိလာပြီးတော့ နောက်တစ်ခုထပ်ပြောလိုက်သေးတယ်။ အခုဆိုရင် သိခြင်တဲ့သူတွေအတွက် ကူညီလို့ရအောင် ကုမ္ပဏီအတွက် မြန်မာပြည်မှာ ကျနော်က မော်နီတာလုပ်ပေးနေပါတယ်လို့ပြောတော့ ။ အဲဒီလို လုပ်စရာမလိုဘူးတဲ့ ။ ပြသာနာတွေက ရေတွက်နိုင်မှာမဟုတ်သလို၊ ကြာလာတာနဲ့အမျှ လုပ်တဲ့သူတွေများလာပြီး နားလည်သူရော နားမလည်သူတွေပါ များလာမှာပါတဲ့ ဒါကြောင့် ပြသာနာတွေကို ဖြေရှင်းပေးတာထက် ပြသာနာမဖြစ်အောင် ကူညီပေးနိုင်ရင် ပိုကောင်းမယ်လို့ပြောပါတယ်။ ဆရာပြောတာ မှန်ပါတယ်။ အခုဆိုရင် တစ်နေ့မှာ ဖုန်းဆက်ပြီး သူပြသာနာအကြောင်းကို အကူအညီတောင်းတဲ့သူတွေ ၅၀ လောက်မှာရှိနေပါတယ်။ ဒီထက်များလာရင် တတ်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါ့ကြောင် ပြသာနာဖြစ်ပြီးမှ ကူညီပေးတာထက် ပြသာနာ မဖြစ်ခင် ကူညီပေးတာက ပိုထိရောက်လွယ်ကူပြီး ပိုဖြစ်နိုင်ခြေရှိတဲ့အတွက် နောင်ဆိုရင် ကျနော်သိထားတာတွေ၊ တတ်ထားတာတွေ၊ လေ့လာထားတာတွေကို ဆက်ပြီး share သွားမှာပါ။ မန်ဘာပေါင်း ၄ သန်းလောက်ရှိတဲ့ လူဦးရေထဲက မြန်မာနိုင်ငံသား မန်ဘာတွေဟာ ၁ သန်းအထက်မှာ ရှိနေပါပြီး၊ အဲဒီအထဲကမှ ကျနော်လည်း မန်ဘာဝင်တစ်ဦးသာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သား မန်ဘာအခြင်းခြင်း ကို ကျနော် လက်လှမ်းမှီသလောက် ပြန်ပြီးမျှဝေပေးခြင်းသာဖြစ်ပါတယ်။

နောက်ဆုံး ဒီ အင်တာနက် စာမျက်နှာသည် ဇူလီယန် ( ထိုင်လန် ) ကုမ္ပဏီ နှင့်လုံးဝသက်ဆိုင်မှုမရှိပါ၊ ကျွန်ပ် ခင်မောင်ဦး ဘာသာပြန်သူ၊ ဤအင်တာနက်စာမျက်နှာကို စေတနာဖြင့် ဖန်တီသူနှင့်သာ သက်ဆိုင်ပါသည်။ မှားယွင်းမှုများရှိခဲ့ပါကလည်း ကုမ္ပဏီနှင့် လုံးဝသက်ဆိုင်မှုမရှိဘဲ ကျွန်ပ်၏ အားနည်းမှုသာဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံပါသည်။

——————————————————-****************———————————————————

ဒိုင်းမွန်းရာထူးနှင့်အထက် ခေါင်ဆောင်များသာ ပြုလုပ်တဲ့အစည်းအဝေးဆိုပြီးတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စမ်းကြီးရပ်မှာရှိတဲ့၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ ပြုလုပ်ကြတယ်။ နေရာတော်တော်များများမှာ ကျနော့်ကို ဖိတ်တဲ့ အစည်းအဝေးက အဲဒီအစည်းအဝေးမှာ ကျနော့်ကို မဖိတ်ပါဘူး။ ကျနော်က မြန်မာနိုင်ငံသား မန်ဘာ/ ရှယ်ယာဝင်များကို မိမိတတ်နိုင်တဲ့ ကျွမ်းကျင်တဲ့ အွန်လိုင်း နည်းစနစ်ကို စေတနာ တရား အပြည့်ဖြင့် သင်ကြားပို့ချပေးတဲ့သူဖြစ်ပါတယ်။ အင်တာနက် အွန်လိုင်းမှာ မိမိ Bonus ဘယ်လို ကြည့်ရမလဲ၊ မိမိနဲ့ အဖွဲ့အမှတ်တွေကို ဘယ်လိုကြည့်ရမလဲ၊ ဘယ်လိုနေ့တွေမှာ ကြည့်လို့ရမလဲ စတာတွေကို Projector နဲ့အွန်လိုင်းတက်ပြီး တိုက်ရိုက် သင်တန်းတွေမှာ သင်ကြားပြသလေ့ရှိပါတယ်။ သူများကိုကူညီခြင်တဲ့ ကျနော့်စိတ်စေတနာက ပရဟိတ ဆန်ဆန်ပဲလုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီး ကိစ္စဖြစ်တဲ့ အဲဒီခေါင်းဆောင်အစည်းအဝေးမှာ DSM ဆိုတဲ့ ဒိုင်မွန်းနှင့်အထက်ရာထူးရှိသူများသာ တက်ခွင့်ရှိလို့ ကျနော်တက်ခွင့်မရခဲ့တာပါ။ တက်ခွင့်မရလို့လဲ ခေါင်းဆောင်တွေ ရှေ့ဆက်ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို ကျနော်လည်းမသိခဲ့ရဘူးပေါ့။

ဒါ့ကြောင့် အခုအချိန်မှ စ၍ ကျနော်လည်း အများကိုကူညီခြင်တယ်ဆိုရင်တော့ ခေါင်းဆောင်များကြားမှာ ဝင်ဆံ့ခြင်တယ်ဆိုရင်တော့ ဒိုင်းမွန်းရာထူးရှိမှ ဖြစ်မည်ဆိုတာသိလာ ပါတယ်။ ဒါကြောင့် အများကိုကူညီခြင်တဲ့ဆန္ဒကြောင့် ရာထူးရရန်လုပ်ရမှာဖြစ်တဲ့ အတွက် ဒီအင်တာနက်စာမျက်နှာပေါ်မှာပဲ ကိုယ်ပိုင် စာမျက်နှာ အဖြစ်သုံးပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းကိုသုံးရခြင်းဖြစ်ပါတယ်။

နောင်ဤစာမျက်နှာသည် အများအကျိုးပြုစာမျက်နှာ အပြည့်အဝ မဟုတ်ပဲ ၊ ကျနော်၏ ကိုယ်ရေးကိုယ်တာ နှင့် ပတ်သက်သော အကြောင်းအရာများလည် ပါဝင်ထည့်သွင်းလာမည်ဖြစ်ကြောင်းကို အများသိအောင် အသိပေးရခြင်းဖြစ်ပါသည်။

ဥပမာ…

စီးပွားရေး လုပ်ရန်စိတ်ဝင်စား၍
SHARE / MEMBER ဝင်လိုသူများအားဖိတ်ခေါ်ပါသည်။

ထိုင်းဖုန်း 0824693437  ၊ မြန်မာဖုန်း 09425271099 ဆက်သွယ် မေးမြန်း၊ စုံစမ်း နိုင်ပါသည်။  kmo.zhulian@gmail.com အီးမေးလ်လိပ်စာဖြင့်လည်း မှတ်ပုံတင် မိတ္ထူ အရှေ့အနောက် ကို မိမိအမည် မှတ်ပုံတင် နံပါတ် မွေးသက္ကရာဇ် လိပ်စာအပြည့်အစုံ ပြန်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပေးပို့၍အသင်းဝင်ပြီး စီးပွားရေးလုပ်ရန်ဖြစ်စေ၊ စုံစမ်းရန် ဖြစ်စေ၊  လေ့လာရန်ဖြစ်စေ၊လုပ်နိုင်ကြပါပြီ မည်သည့်နေရာမှဖြစ်စေ ဆောင်ရွက်နိုင်ကြပါတယ် ။ သူဋ္ဌေးလောင်းများအနေဖြင့် ရှယ်ယာဝင်ရန်အတွက် ထိုင်းဘတ် ငွေ 250 bahts ဖြင့်သော်၎င်း၊  မြန်မာငွေ 10,000 ကျပ်ဖြင့်သော်၎င်းUs ဒေါ်လာ 12 $ ဖြင့်သော်၎င်း၊ ကုန်ကျမည်ဖြစ်ပြီး  ကုမ္ပဏီမှ ပြန်လည်ရရှိမည့်စာရွက်စာတမ်းများကို မိမိတို့လိပ်စာအတိုင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စာတိုက်မှဖြစ်စေ ပြန်လည်ပေးပို့ဆက်သွယ်ပေးမည်ဖြစ်ပါ၍ မည်သည့်နိုင်ငံမှမဆို သက်မှတ်ဈှေးနှုန်းများအတိုင်း MLM  (Multi level markeeting ) System အတွက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပေးပါမည်။

vichan.zhulian (AbC349735)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: